Tuesday, 10 April 2012
♥ . . . . . . . . . မေမေ့မေတ္တာ ကြီးမားပါ၏ . . . . . . . . . ♥
မေမေ့မေတ္တာ
အမေချစ်သူတိုင်းအတွက် မေမေ့ဆုံးမစာ..DON'T FORSAKE YOUR MOTHER'S
ဘယ်ဘ၀က လာမှန်းမသိ ကောင်းမှန်းဆိုးမှန်းမသိဘဲ ကြည်နူးဝမ်းသာမှုအတိနဲ့ 
့မေမေ့ဘ၀ထဲ
မေမေ့ဝမ်းထဲမှာ ကြည်ကြည်ဖြူဖြူ နေရာပေးခဲ့တဲ့အတွက်
ကျေးဇူးပါမေမေ။**ကိုးလလွယ် ဆယ်လ မဖွားခင်မှာ ဗိုက်ထဲက ကလေး
အနေမခက်အောင် ထိခိုက်နာကျင်မှုမရှိအောင် အသက်ရှင်သန်နိုင်ဖို့အရေး
မေမေ့အတ္တတွေ ဒုက္ခတွေစတေးပြီး မွေးမြူစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးဟာ
မြင့်မိုရ်တောင်မက ကြီးလှပါတယ်မေမေ**မုန့်ဟင်းခါး လက်သုပ်စုံကို
ချဉ်ချဉ်စပ်စပ်စားတတ်တဲ့ မေမေ ကလေးရပြီဆိုကတည်းက အချဉ်စပ်တွေကို ယတိပြတ်
ဖြတ်ခဲ့တာ ကလေးဗိုက်နာမှာဆိုးလို့တဲ့လေ အဖြူအမည်းမသဲကွဲသေးတဲ့ ကလေးလေး
တစ်ယောက်အပေါ် မေမေ့ရဲ့ စွန့်လွှတ်အနစ်နာခံ မှုတွေက တုနှိုင်းမရပါမေမေ။**
လူနဲ့တိရစ္ဆာန် ခြားနားချက်ဟာ အရှက်အကြောက်တရားပဲ။
အရှက်အကြောက်တရားရှိခြင်းဟာ အသိညာဏ်မြင့်မားခြင်းပဲ။ အသိညာဏ်ရှိတဲ့လူ
ဟာရှက်ကြောက်တတ်ရမရ်။ လူ့လောက လူ့စည်းမျဉ်းတွေကို ချိုးဖောက်ဖို့ 
ရှက်ကြောက်တတ်ခြင်းဟာ လူပီသမှုကိုပြတာပဲလို့ မေမေ တစ်ခါပြောပြခဲ့ဖူးတရ်။
ကျေးဇူးပါမေမေ။ **ဆေးခန်းသွားပြပြီး အပြန်မှာ ကလေးရှိပြီ ဆိုတာ သိရတဲ့မေမေ
ဟာ တစ်အိမ်လုံးကို ၀မ်းသာအားရ ကြေညာလိုက်သတဲ့ ။
အဲ့ဒီအချိန်မှာမေမေ့မျက်နှာဟာ ပြုံးပန်းတွေ ဝေနေတရ်လို့ပြောတရ်။ သားသမီးရတနာ*
လိုလိုလားလားတောင့်တခဲ့တဲ့ မေမေ့ရဲ့မေတ္တာစေတနာဟာ
ကြီးကျယ်မြင့်မြတ်လှပါတရ် မေမေ။
******အလုပ်တစ်ဖက်နဲ့ မိခင်နို့ကို တိုက်ကျွေးခဲ့ရတဲ့ သမီးသားကို သတိရပြီး
အချိန်တန်လို့ နို့တွေတောင့်တင်းလာတဲ့အခါ လူကွယ်ရာမှာ ၀မ်းနည်းပက်လက်
ညှစ်ထုတ်ပစ်လိုက်ရှာတရ်။ သမီးသားကိုတိုက်ချင်တဲ့ မေမေ့နို့ချိုရည်
အလကားဖြစ်ပါပေါ့လား ဆိုတဲ့အသိနဲ့ ရင်မချိအောင် ခံစားနေရမရ်ဆိုတာ
စာနာစိတ်နဲ့ တွေးမိတိုင်း သာသမီးအတွက် ဒုက္ခခံခဲ့ရတဲ့ မေမေ့ကို အရမ်း...
ကိုယ်ချင်းစာ နားလည်မိပါတရ်။ ကျေးဇူးကြီးလှပါပေတရ် မေမေ။
*ကိုးလလွယ် ဆယ်လဖွား ဆိုပေမဲ့ ကလေးမီးဖွားတဲ့ကိစ္စ အသက်စွန့်  မွေးရတာမျိုးပါ။
အဆင်မသင့်ရင် မိခင်ရောကလေးပါ ဆုံးရှုံးသွားနိုင်ပါတရ်။ အဆင်သင့်ရင်တောင်
အင်မတန် နာကျင်တဲ့ ဝေဒနာမျိုး ခံစားပြီးမှ မွေးရတာပါ။
သားသမီးကိုချစ်တဲ့စိတ် နဲ့  ချွေးသီးချွေးပေါက် တွေကျရင်း ဝေဒနာတွေကို
အံ့ကြိတ်ခံပြီး မွေးဖွားပေးခဲ့တရ်ဆိုတာ သိပေးတဲ့နောက် မေမေ့ကို
အရမ်းကျေးဇူးတင်မိတရ်။ ပြောမပြတတ်အောင်ပါ မေမေ။
*ထမင်းစားနေတုန်း ကလေးဆီးဝမ်းသွားရင် မရွံမရှာ ချေးဝတ်သေးဝတ်
လဲပေခဲ့တဲ့မေမေ။ ညအိပ်ကောင်းနေတုန်း ကလေးငိုသံကြားတိုင်း
ထပြီးချော့သိပ်ပေးခဲ့ရတဲ့ မေမေ။ အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်း
မစားရဘဲ ကလေးအတွက် နေ့ပေါင်း၊ လပေါင်း၊ နှစ်ပေါင်းများစွာ
အနစ်နာခံခဲ့တဲ့မေမေရဲ့ ကျေးဇူးတွေကို ပြန်စဉ်းစားမိတိုင်း ရင်ထဲမှာ
လှိုင်းထသလို ခံစားရပါတရ်။ ***၀လုံးလေး ၀ိုင်းဝိုင်းရေးတတ်အောင်
ကကြီး ခခွေးဖတ်တတ်အောင် သိတတ်တဲ့ အရွယ်ကစလို့ လမ်းညွှန်သင်ပြ
ဆိုဆုံးမခဲ့တဲ့ လက်ဦးဆရာ မေမေ့ကို ရင်နဲ့အမျှ သတိရနေမိတရ်။
စာတတ်အောင် တင်ပေးတဲ့အတွက်လည်း ကျေးဇူးပါ မေမေ။
မေမေ့ကျေးဇူးဆပ် ၍မကုန်နိုင်
မေမေ့ပြောပြဖူးတယ်
သတ္တိဆိုတာ ခံနိုင်စွမ်းရည်တဲ့။
သုခချမ်းသာကို
ရယူနိုင်စွမ်းရှိတာ သတ္တိ။
ဒုက္ခမျိုးစုံ တွေ့ကြုံတဲ့အခါ
ခံနိုင်စွမ်းရည်ရှိတာ လည်း သတ္တိတဲ့။
သတ္တိရှိသူဖြစ်ပါစေတဲ့။
မေမေ့ရဲ့ မမေ.နို့င်စရာ
ဘ၀ရဲ့သင်ခန်းစာတစ်ခုအတွက်
ကျေးဇူးပါ မေမေ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment