
၂၀၀၉ခုနှစ်
၅လပိုင်းက ဖွင့်လှစ်ခဲ့တဲ့ ရွှေလီရေကာတာဟာ ၂၀၁၂ခုနှစ်မှာတော့
အောက်ခြေတမံတွေ ပျက်စီးနေလို့ ပြန်လည် ပြင်ဆင်နေရပါပြီ.. (အောက်က Scribd
ဖိုင်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်..)
ယနေ့
ရန်ကုန်နဲ့ တခြားမြို့ကြီးများအပါအဝင် နိုင်ငံနဲ့အဝှမ်းမှာ
လျှပ်စစ်မီးပြသနာ မလုံလောက်မှုနဲ့ ကြုံတွေနေကြရတာ အများသိပြီး ဖြစ်ပါတယ်..။
ရန်ကုန်မြို့နေ လူထုမှာတော့ ယခုလို ပူပြင်းတဲ့ နွေရာသီ အခါသမယမှာ
တနေ့(၆)နာရီအလှည့်ကျ စံနစ်နဲ့ပေါ့..။ နှစ်ပေါင်း (၂၃)နှစ်အတွင်း
ဆောက်လိုက်တဲ့ ဆည်တွေ၊ ထွက်လိုက်တဲ့ ဓာတ်ငွေ့တွေ၊ ဆောက်လုပ်ပြီး
ဆောက်လုပ်နေဆဲ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေ မစားဝမခန်း သတင်းစာထဲမှာ
ပြည်သူတွေ မြင်တွေ့ခဲ့ရတာပါ...။
ကိုယ့်ပြည်တွင်းမှာ
ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကိုတော့ ပြည်ပထုတ်ရောင်း ပြည်တွင်းမှာတော့
ပြီးခဲ့တဲ့ တပတ်က ဖတ်လိုက်ရတာလေး ရန်ကုန်မြို့အား ယခုလာမည့် လဆန်းပိုင်းမှ
စတင်ကာ အုပ်စုစနစ်ဖြင့် မီးပေးတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်
လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ခေါင်းဆောင် ဦးမောင်မောင်လတ်က ဆိုပါသည်။
လျှပ်စစ်ဓာတ်အားပေးနေသည့် တာဘိုင်များကို လည်ပတ်ရန်အတွက် လိုအပ်သည့် Gas
မလုံလောက်သဖြင့် ယခုခဲ့သို့ ရန်ကုန်မြို့တော်အား အုပ်စုခွဲကာအ
ချိန်ပိုင်းဖြင့် မီးပေးခြင်းဖြစ်ကြောင်း သိရသည်တဲ့... ဒါကတပိုင်းပေါ့..
နောက်တခုကတော့
ပြီးခဲ့တဲ့နှစ် မြစ်ဆုံဆည် အရေးမှာ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက
သတင်းစာရှင်းလင်းပွဲမှာ ကြားလိုက်ရတာကတော့ လျှပ်စစ်မီးတွေ ပိုလျှံနေလို့
ထုတ်ရောင်းနေရဆိုပဲ...။ ဟုတ်ပါတယ်... သူဆိုလိုတာ ဒီမိုဝေယံကို ပေးပို့လာတဲ့
သတင်းဖတ်လိုက်ရတော့မှ သိလိုက်ရပါတယ်..။ ရွှေလီဓာတ်အားပေး စက်ရုံက
ထုတ်လုပ်လိုက်တဲ့ ဓာတ်အားတွေကို ပြည်တွင်းနဲ့ ပြည်ပကို ပို့လွှတ်နေတဲ့
တနေ့တာ ဓာတ်အား ယူနစ်စာရင်းပါပဲ...။ ကိုယ့်ပြည်သူတွေကတော့
မှောင်မှောင်မဲမဲထဲမှာ စမ်းတဝါးဝါးနေ့ မီးပြတ်လို့ နေ့စဉ်နဲ့အမျှ
စိတ်ဒုက္ခတွေ ရောက်နေကြရတာပါ...။ (၂၃) နှစ်လုံးလုံး မီးလေးတောင် လင်းအောင်
မစွမ်းဆောင်နိုင်ခဲ့လို့ တကယ့်ပြည်သူ့ပါတီနဲ့ ယှဉ်ပြိုင်အရွေးခံတဲ့
မဲဆန္ဒတွေမှာတော့ မြင်တဲ့အတိုင်းပေါ့..။
၂၀၀၉ မေလ(၁၆)ရက်နေ့ ရွှေလီရေအားလျှပ်စစ် စီမံကိန်းဖွင့်ပွဲမှ ဝန်ကြီးချုပ်ဦးသိန်းစိန်နှင့် လျှပ်စစ်ဝန်ကြီးဦးဇော်မင်း
ဒီထက်ဆိုးတာကတော့ ကျွန်တော်တို့
ပြည်တွင်းမှာ တရုတ်ကုမ္ပဏီတွေနဲ့ ဆောက်လုပ်ခဲ့တဲ့ စီမံကိန်းတွေဟာ
နောင်တချိန်မှာ ကျွန်တော်တို့ ပြည်သူတွေအတွက် ရတက်မအေးရတဲ့ အဖြစ်တွေပါပဲ..။
ပြီးခဲ့တဲ့ ၂၀၀၉ခုနှစ် မေလ(၁၆)ရက်နေ့က ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ်
ဦးသိန်းစိန်နဲ့ လျှပ်စစ်ပါရဂူ ဦးဇော်မင်းတို့ ဖွင့်လှစ်ပေးခဲ့တဲ့
ရွှေလီ(၁)ရေအား လျှပ်စစ်စီမံကိန်းကတော့ ၂၀၁၂ခုနှစ် (၃)နှစ်တာ အရောက်မှာတော့
ရေတားတမံ အောက်ခြေတွေ ပျက်စီးလို့ ပြန်လည် ပြင်ဆင်နေရပါပြီ။
ဒီလိုရွှေလီမြစ်က ရေကာတာတောင် (၃)နှစ်တာကာလမှာ ပျက်ဆီးမှုတွေ
မြင်တွေ့လာရပြီဆိုတော့ ကျွန်တော်တို့ရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ဆုံကို
တမံဖို့ပြီး ဧရာမဆည်ကြီး ဆောက်မယ်ဆိုတဲ့ တရုတ်စီမံကိန်းတွေကို စဉ်းစားကြည့်
ကြစေလိုပါတယ်..။ ဒါတရုတ်ရဲ့ နည်းပညာနဲ့ ဆောက်တဲ့ ရေကာတာစီမံကိန်း တခုထဲကို
စဉ်းစားကြည့်တာပါ..။ ကဲကျွန်တော်တို့ ပြည်သူတွေ ကန့်ကွက်နေတာ
လွန်ပါသလား...။ မြစ်ဆုံဆည်အရေး ထာဝရရပ်ဆိုင်းပေးဖို့
ထပ်မံတောင်းဆိုပါတယ်...။
ဒီမိုဝေယံ..
ရွှေလီစီမံကိန်းမှ
လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်တဲ့ အချက်အလက်၊ ဓာတ်ပုံများ
ထပ်မံဖော်ပြပေးပါမည်.. ပညာရှင်များ ဝင်ရောက် ထောက်ပြပေးစေလိုပါတယ်.။
No comments:
Post a Comment