ပတ်စပို့မှာ ဖော်ပြပါရှိတဲ့ အသက်(၂၄)နှစ် အမှန်တကယ် အသက် (၁၆)နှစ်သာ ရှိသေးပြီး သေးသွယ်ပိန်လှီလှတဲ့ မြန်မာအိမ်ဖော် မိန်ကလေး မဝါဝါခိုင်အား အိမ်ရှင်ရဲ့မတရား ရိုက်နှိပ် နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေကတော့ မျက်နှာနဲ့ တကိုယ်လုံးမှာ ကုတ်ဖဲ့ရာတွေ၊ ရိုက်ထားတဲ့ရာတွေ၊ မီးလောင်ဖုများ၊ တင်ပါးမှာ ရေနွေးနဲ့ ပတ်ထားတဲ့ ဒဏ်ရာများ၊ ၁၆နှစ်သာရှိသေးတဲ့ သူမဟာ ဖိနပ်နဲ့ ကန်ကျောက်တဲ့ ဒဏ်ရာတွေကြောင့် လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တဲ့အပြင် ကော်ဖီမက်ခွက်နဲ့ရိုက်ထားတဲ့ ခေါင်းက ဒဏ်ရာတွေ ခံစားနေရတယ်လို့ ဆိုပါတယ်..၊၊
mentally နဲ့ physically တော်တော်လေးခံစား နေရတယ်ဆိုတာ မျက်နှာကိုကြည့်ရင်သိသာပါတယ်..၊၊ ကမလေးရဲ့ မခင်၊ ဖခင်တွေသာ မြင်တွေ့ရရင် ရင်ကျိုးရှာမှာပါ၊ တကိုယ်လုံးမှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ပါ..၊၊ ကျွန်တော်တို့ မြန်မာလူမျိုးတွေ မိဝေး၊ ဖဝေး သွားရောက် အလုပ်လုပ်ကိုင်ပြီး စင်ကာပူလို နိုင်ငံမျိုးမှာ အနှိပ်စက်ခံ၊ အညှင်းပန်းခံနေရတာ အင်မတန် ရင်နာဖို့ကောင်းပါတယ်..၊ သက်ဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး အနေနဲ့လည်း မိမိတို့ နိုင်ငံသားတွေကိုကာကွယ် စောင့်ရှောက်နိုင်ဖို့အတွက် အလျှင်အမြန် Acionယူ လုပ်ဆောင်ဖို့လည်း သူတပါးတိုင်းပြည်မှာ တိုင်းတပါသားရဲ့ အညှင်းပန်းဆဲခံခဲ့ရတဲ့ မတင်ဝါဝါခိုင် ကိုယ်စား အလေးနက် တိုက်တွန်း နှိုးဆော်အပ်ပါတယ်..၊၊
No comments:
Post a Comment