Thursday, 22 March 2012

မင်းသားရဲတိုက် စည်းရုံးရေးဆင်းနေစဉ် ပရိတ်သတ်ကို အုတ်နီခဲနှင့်ပစ်ခံရ

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ကံနီကျေးရွာတွင် မင်းသားရဲထိုက်သွားရောက်စည်းရုံးစဉ် ပရိတ်သပ်အပေါ်သို့အုတ်နီခဲတစ်လုံးပစ်ခံလိုက်ရခြင်း။
ရုပ်ရှင်မင်းသားရဲထိုက်သည် ဒေါ်အောင်ဆန်းစြု ကည်ကိုယ်စား မကွေးတိုင်း မြိုင်မြို့နယ်သို့ ၂၀.၃.၁၂ နေ့ညနေကရောက်ခဲ့သည်။ည ၇နာရီခန့်တွင် ကံနီကျေးရွာသို့ရောက်လာပြီး ကျေးရွာရှိ ဆိုင်းဘုတ်တင်မည့်အဖွဲ့ချုပ်ပါတီရုံးသို့ စည်းရုံးရေးအတွက် သူ့ကားတန်းဖြင့်သွားရောက်စဉ် ဒေသခံလူများက ရှေ့နောက်ဝဲယာတို့က ၀န်းရံအားပေးကြည့်ခဲ့ကြပါသည်။

ည ၇နာရီ၄၅မိနစ်ခန့်တွင် ကြည့်ကန်ရွာမှလာကြည့်သော ၄တန်းကျောင်းသူမ..အပေါ်သို့ အုတ်နီခဲဖြတ်ပိုင်းကျိုး တစ်လုံးထိမှန်လာပါသည်။ထိုကလေးမကလေးမှာ နေရာမှာပင်လဲကျသွားပြီး ချက်ခြင်းသတိရသွားကာ ဒေသခံတို့က ကူညီပြုစုပေးလိုက်ရပါသည်။ 

အဆိုပါ အုတ်နီခဲဖြင့် ထုပေါက်သွားသူကို မျက်မြင်များကသိလိုက်ကြပြီး ထိုစဉ်က ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံးရေးခရီးစဉ်တွင် ကားမောင်းလိုက်ပါလာခဲ့သော ကားဒရိုင်ဘာ ကိုကျော်ကြားဆိုသူ(ကံနီရွာသား)ဟုပြောကြပါသည်။

ယင်းကို လင်းကတောရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားသည်ဟု သိရသည်။ ရဲတိုက်သည် ထိုရွာမှအပြန်တွင်မြိုင်သို့ခဏ၀င်ပြီးညတွင် ပခုက္ကူမြို့သို့သွားရောက်အိပ်သည်ဟုသိရပါသည်။

ACj(NYS)
NLD အတွက် မကွေးတိုင်းမှာ မဲဆွယ်ဟောပြောနေတဲ့ သရုပ်ဆောင် ရဲထိုက် (ဓါတ်ပုံ-
အဂ္ဂမဟာ ဒီမိုဖက်တီး Facebook )

No comments:

Post a Comment