Sunday, 4 March 2012

မိုဘိုင်းဖုန်းတွင် မြန်မာ ပြက္ခဒိန် ၂၀၁၂ အတွက် Install လုပ်နည်း

ကိုဇော်ပဲ ကျွန်တော်ကို နောက် ခဲ့သလားတော့ မသိပါဘူး။ ကျွန်တော် နားလည်သလိုလေးပဲ Install လုပ်ပုံလုပ်နည်းလေးကို ရေးလိုက်ပါတယ်။ ဆော့ဝဲလေးကို Application ပါသော ဖုန်းများ၊ jar platform လက်ခံသော ဖုန်းများဖြစ်မှသာ သုံးလို့ရမှာပါ။
မိုဘိုင်းဖုန်းတွင် မြန်မာ ပြက္ခဒိန် ၂၀၁၂ အတွက် Install လုပ်ရန် 356 ဆော့ဝဲလေး ကို  မှာဒေါင်းလုတ်လုပ်ပါ။ Download လုပ်ပြီးရလာတဲ့ ဆော့ဝဲလေးတွေကို ဖုန်း Memory ထဲဖြစ်ဖြစ် Memory card ထဲဖြစ်ဖြစ် Folder တစ်ခုလုပ်ပြီး ထည့်လိုက်ပါ။ ပြီးရင် ဖုန်းထဲက မိမိထည့်ထားတဲ့ ဆော့ဝဲလေးတွေကို သွားဖွင့်ပါ။ Install လုပ်ပါလိမ့်မယ်။ ဖုန်း ၊ card ထဲက Application ထဲဖြစ်ဖြစ် Game ထဲဖြစ်ဖြစ် Save လုပ်ပါ။ အချို့ NOKIA ဖုန်းများမှာ မိမိကိုယ်တိုင် Install လုပ်ပေးရမှာဖြစ်ပြီး အချို့ NOKIA ဖုန်းများမှာ ဆော့ဝဲကိုထည့်ရုံပါဘဲ ကိုယ်တိုင် install လုပ်စရာမလိုပါဘူး။ ဖုန်းကသူအလိုအလျှောက် Install လုပ်ပေးသွားပါတယ်။ Install လုပ်ပြီး ဖွင့်ကြည့်ပါက အောက်ပါအတိုင်း ပေါ်လာပါမယ်။

Update Code A အကွက်ထဲမှာ 2508
Update Code B အကွက်ထဲမှာ 9125 ဟုရိုက်ထည့်ပြီး OK ကို နှိပ်ပေးပါ။ ဖုန်းရဲ့ DATE ကိုလိုက်ပြီး အောက်က ပုံစံမျိုးအတိုင်း ပေါ်လာပါမယ်။

ဒါဆို ၂၀၁၂ တစ်နှစ်လုံးစာအတွက် မြန်မာ ပြက္ခဒိန်ကို စတင်သုံးလို့ ရပါပြီ။
sony electronics နှင့် sony electronics လို system တူတဲ့ဖုန်းတွေမှာဆိုရင် အဲဒီဆော့ဝဲလေးတွေကို Computer သုံးပြီးဖုန်းထဲမှာ Floder တစ်ခုတည်ဆောက်ပြီး ထည့်ထားရင် Bluetooth နဲ့ အခြားဖုန်းတွေကို ပေးလို့ရပါတယ်။ Bluetooth ဖြင့်ရထားတဲ့ဖုန်းတွေက အခြားဖုန်းတွေကို ထပ်ပြီး send လို့မရတော့ပါဘူး။ Bluetooth လုပ်စဉ်က တစ်ခါတည်း Install လုပ်လိုက်လို့ ဖြစ်ပါတယ်။ အားလုံးအဆင်ပြေကြပါစေ ခင်ဗျာ…
http://www.mediafire.com/?5gfmfjphttfsof6

သင်ခန်းစာ ၊ ၀ိုင်ဝိုင်းသီချင်းမဟုတ်ပါ

ကျွန်တော် အွန်လိုင်းကနေ ဖတ်လိုက်ရတာလေးတွေပါ ။ ဘာသာပြန်ထားတာများ
ချွတ်ချော်ခဲ့ရင် ကျွန်တော့်အားနည်းချက်ပါလို့ ကြိုတောင်းပန်ပါတယ် ။
ဖတ်ကြည့်ကြပါဦး .. ။
သင်ခန်းစာများ
သင်ခန်းစာ ( ၁ )
ကျီးကန်းတစ်ကောင်ဟာ သစ်ကိုင်းပေါ်မှာနားနေပြီး တစ်နေ့လုံး ဘာအလုပ်မှ မလုပ်ပါဘူး။ အဲဒီကျီးကန်းကိုမြင်တဲ့ ယုန်တစ်ကောင်ဟာ အားကျသွားပါတယ် ။ ဒါကြောင့် " ငါလည်း မင်းလို တစ်နေကုန်ထိုင်နေပြီး ဘာအလုပ်မှ မလုပ်ရင်ကောင်းမလား " လို့မေးလိုက်ပါတယ် ။
အဲဒါနဲ့ ကျီးကန်းဟာ " ဟာ …. သိပ်ရတာပေါ့ ၊ ဘာလို့မရရမှာလဲ " လို့ ပြန်ဖြေလိုက်သတဲ့ ။ ဒီတော့ ယုန်လည်း အဲဒီကျီးကန်းနားနေတဲ့ သစ်ကိုင်းအောက်က မြေပြင်မှာထိုင်ပြီး တစ်နေကုန် ဘာအလုပ်မှမလုပ်ဘဲ နေနေပါတော့တယ် ။
အဲဒီအချိန်မှာပဲ မြေခွေးတစ်ကောင်ပေါ်လာပြီး ငြိမ်ငြိမ်ထိုင်နေတဲ့ယုန်ကို ခုန်အုပ်ပြီး စားပစ်လိုက်ပါတော့တယ် ။
သင်ခန်းစာ ………. ဘာအလုပ်မှမလုပ်ဘဲ ထိုင်နေချင်တယ်ဆိုရင် သင်ထိုင်တဲ့နေရာဟာ တော်တော်မြင့်နေဖို့လိုတယ် ။
သင်ခန်းစာ ( ၂ )
ကြက်ဆင်တစ်ကောင်ဟာ နွားထီးတစ်ကောင်နဲ့ စကားပြောနေပါတယ် ။ " အဲဒီသစ်ပင်ရဲ့အမြင့်မှာ နေချင်လိုက်တာဗျာ ။ ဒါပေမယ့် ကျွန်တော့်မှာ အဲဒီလိုလုပ်နိုင်တဲ့ အစွမ်းအစမရှိဘူးဗျာ " လို့ သက်ပြင်းရှိုက်ရင်း ပြောလိုက်တယ် ။
အဲဒီတော့ နွားထီးကလည်း " ကောင်းပြီ .. ခင်ဗျားသာ ကျွန်တော်စွန်တဲ့ မစင်ကို တစ်လတိတိ စားမယ်ဆိုရင် ဘာကြောင့်မဖြစ်နိုင်ရမှာလဲ ။ ကျွန်တော့မစင်ထဲမှာ အာဟာရတွေ အပြည့်ပါတယ်ဗျ " လို့ ပြောလိုက်သတဲ့ ။
ကြက်ဆင်လည်း နွားစွန့်တဲ့ မစင်ကို စိတ်ပေါက်ပြီး နည်းနည်းချင်းစီ စားလိုက်တဲ့အခါ တကယ်ပဲ အားအင်တွေပြည့်ပြီး သစ်ပင်ရဲ့ ပထမဆုံးကိုင်းအထိ တက်နိုင်တာကို တွေ.ရတယ်။ နောက်တစ်နေ့မှာ အရင်နေ့ကထက် မစင်ကို ပိုစားလိုက်တဲ့အခါ ကြက်ဆင်ဟာ ဒုတိယမြောက် သစ်ကိုင်းအထိ ရောက်သွားခဲ့တယ် ။ နောက်ဆုံး ရက်သတ္တပတ် နှစ်ပတ် ကြာသွားပြီးတဲ့နောက်မှာတော့ သစ်ပင်ရဲ့ထိပ်ဆုံးနေရာအထိ ရောက်သွားခဲ့တယ် ။ အမြင့်ဆုံးရောက်ပြီး များမကြာမီမှာပဲ လယ်သမားတစ်ယောက်က သတိပြုမိသွားခဲ့ပြီး သေနတ်နဲ. ပစ်ချလိုက်ပါတော့တယ် ။
သင်ခန်းစာ ……….. နည်းလမ်းမမှန်ဘဲ ဆရာတင်မှားရင် သင့်ကို အမြင့်ဆုံး ရောက်အောင်ပို.နိုင်စေခဲ့ဦးတော့ အဲဒီနေရာမှာတင် ကြာရှည်စွဲမြဲဖို့ ထိန်းမထားနိုင်ဘူ့း ။
သင်ခန်းစာ ( ၃ )
ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သူ့နေရာအသီးသီးမှာ ဖန်ဆင်းပေးပြီးတဲ့နောက် အားလုံးသောအစိတ်အပိုင်းများက အကြီးအကဲဖြစ်ချင်တယ်လို့ ပြောလာကြတယ် ။ Brain က "ကျွန်တော်က ခန္ဓာကိုယ်တစ်ခုလုံးရဲ့ တုန်.ပြန်မှုနဲ့ လုပ်ဆောင်မှုတွေကို ထိန်းချုပ်ရတာ ဖြစ်တဲ့အတွက် ကျွန်တော်ပဲ အကြီးအကဲဖြစ်သင့်တယ်လို့ " စပြောတယ် ။
အဲဒီတော့ ခြေထောက်ကလည်း အားကျမခံဘဲ " Brain အပါအ၀င် ခန္ဓာကိုယ်တစ်ခုလုံး သွားချင်တဲ့နေရာကို အရောက်ပို့ပေးနိုင်တာက ကျွန်တော်တို့ပဲ ဖြစ်တ့အတွက် ကျွန်တော်တို့သာ အကြီးအကဲဖြစ်သင့်တယ် " လို့ ပြန်ပြောတယ် ။
လက်ကလည်း " ကျွန်တော်တို့က အလုပ်အကုန်လုံးကို လုပ်နိုင်ပြီး ၀င်ငွေရှာနိုင်တဲ့သူတွေဖြစ်တဲ့အတွက် ကျွန်တော်တို့သာ အကြီးအကဲဖြစ်သင့်တယ်"လို့ အဆိုပြုပြန်တယ် ။
ဒီလိုနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီက အဆိုပြုလိုက်တာ နှလုံး ၊ အဆုတ် ၊ မျက်လုံးထိရောက်ပြီး နောက်ဆုံးမှာ Anus ( စအို ) အလှည့်ထိရောက်လာခဲ့တယ် ။
သူ့အလှည့်လည်းရောက်ရော အားလုံးသောအစိတ်အပိုင်းတွေက ၀ိုင်းလှောင်ကြတယ်။ ဒီတော့ Anusက ဆန္ဒပြပြီး သူကိုယ်သူပိတ် ၊ ဘာအလုပ်မှမလုပ်ဘဲ နေလိုက်တယ် ။ အဲ .. ဒီလိုနဲ့ အချိန်နည်းနည်းကြာလာတော့ မျက်လုံးတွေပြူးလာတယ် ။ လက်ကလည်း လက်သီးကျစ်ကျစ်ဆုပ်ထားရတယ် ။ ခြေထောက်တွေလည်း တွန့်လိမ်လိမ်ဖြစ်လာတယ် ။ နှလုံးနဲ့အဆုတ်လည်း မောပန်းလာပြီး Brain လည်း တုန်တုန်ရီရီဖြစ်လာပါတော့တယ် ။ တဖြည်းဖြည်းနဲ့ နောက်ဆုံးမှာ သူတို့အားလုံးက Anus ကို အကြီးအကဲဖြစ်သင့်ပါတယ်လို့ ဆုံးဖြတ်သဘောတူလိုက်တယ် ။ အဲလို သဘောတူလိုက်မှ Anus ကလည်း အညစ်အကြေးကို စွန်.ထုတ်လိုက်တဲ့အတွက် ကျန်တဲ့အစိတ်အပိုင်းတွေလည်း ပုံမှန်အတိုင်း လုပ်ကိုင် ဆောင်ရွက်နိုင်တော့တယ် ။
သင်ခန်းစာ ………. ခေါင်းဆောင်ကောင်းဖြစ်ဖို့ Brain လို ထိန်းချုပ်တတ်ရုံနဲ့မရဘဲ Anus လို လက်တွေ.ဆောင်ရွက်နိုင်ဖို့လိုတယ် ။

ချစ်သူမရှိသူများအတွက်ပါ...

ရည်းစားမရှိခြင်းရဲ့ အကျိုး(7)ပါး
(1) လွတ်လပ်စွာ နေထိုင်နေရခြင်း...
(2) တက္ကသိုလ်ကျောင်းသားဘ၀တွင် အိမ်ကပို့ သမျှကို မိမိအတွကိသာသုံးရခြင်း....
(3) မည်သည့်မိန်းခလေးကိုမဆို ချစ်ခွင့်၊ ကြိုက်ခွင့်၊ ရွေးချယ်ခွင့် ရှိနေခြင်း....
(4) ချစ်သူရှိနေသူများကို သူတို့ ၏ ချစ်သူတို့ အား ကြိုက်သလိုဝေဖန်ခွင့်ရှိခြင်း....
(5) လူငယ်ဘ၀၏ လွတ်လပ်ချိန်ကို မိမိအတွက်သာအသုံးပြုရခြင်း...
(6) ယခုအချိန်ထိ အသည်းကွဲခြင်းကို မကြုံတွေ့ ရခြင်း....
(7) နောက်ဆုံး အချစ်စစ်ကိုပင် တွေ့ နိုင်ခြင်း...။
ချစ်သူမရှိခြင်း အပြစ်(၃)ပါး
1 ငှက်ပျောတုန်းဖက်သေရမယ်လို့  အပြောခံရနိုင်သည်။သည်းခံပါ။
2 ယုံကြည်မှုမရှိသူ( မစွံသူ) ဟုအပြောခံရနိုင်သည်။
3 ချစ်သူရှိသူတို့ ၏ ကြွားသမျှ၊ ၀ါသမျှကို ငြီးငွေ့ စွာ ဒါမှမဟုတ် ပျင်းရိစွာ နားထောင်ရခြင်း။ နားထောင်ပေးလိုက်ပါ။
လက်ခံထားရမှာက
(1) ငှက်ပျောတုန်းဖက်သေရတောင်မှ သူတစ်ပါးကို ဒုက္ခပေးခြင်းမရှိသဖြင့် ကုသိုလ်ရနိုင်ခြင်း...
(2) မစွံဘူးပြောသူသည် ကံကြမ္မာကြောင့် သူတို့ ၏ချစ်သူနှင့် ပေါင်းခွင့်မရှိခဲ့လျှင် မိမိနှင့်ပြန်တွေ့ သည့်အခါ ...
စကားလွန်လွန် မပြောရဲခြင်း.....
(3) “ချစ်သူရှိတယ်” ဟု လက်မထောင်နိုင်သူကို သနားစရာအကြည့်ဖြင့်ကြည့်ပြီး သူတို့ နှစ်ဦး ရာသက်ပန်ပေါင်း
နိုင်ပါစေဟု မေတ္တာထားပေးလိုက်ပါ။
(4) အားအားနေ ရည်းစားဖြင့်အချိန်ဖြုန်းနေသူတို့ ကို အချိန်၏တန်ဖိုးကို ပြောပြပေးနိုင်ခြင်း...
(5) ဟုတ်ဟုတ်မဟုတ်ဟုတ် စာသင်နေသည့်အချိန်မှာ စာကိုကြိုးစားသင်ယူနေသည်ဟု ပြောနိုင်ခြင်း...
(6) နောက်ဆုံး....... မိမိမြင်နေကျ ချစ်သူစုံတွဲများကို နမူနာယူပြီး ချစ်သူရလာသည့်အခါ ချစ်သူကို
ပျော်ရွှင်ချမ်းမြေ့အောင် ထားပေးနိုင်ခြင်း..စိတ်ညစ်စရာများ ကင်းနေခြင်း။
ယောင်္ကျားလေးများအတွက်
ချစ်သူမရှိလို့ ဆိုပြီး တွေးပြီး အားမငယ်ရန်..
-အချစ်သည် ရယူလိုစိတ် 70% ပါသဖြင့် မိမိ ချစ်သူမရသေးသည်မှာ အချစ်ကိုမတွေ့ သေးလို့ ဟု မှတ်ယူနိုင်ခြင်း။
-ကိုယ့်ဘ၀ရဲ့ လက်တွဲဖေါ်ကို ရွေးသည့်အခါမှာ “မင်းဟာငါ့ရဲ့ အချစ်ဦးပါ”လို့  ပြောပိုင်ခွင့်ရှိနေခြင်း..
(သစ္စာရှိသူများအတွက်သာ)
-အများကပြောသည့် အချစ်၏ အဓိပါယ် အမျိုးမျိုးကို နားထောင်ပြီး အချစ်ဆိုတာ ဘာလဲဟု တွေးခေါ်နိုင်စွမ်း
မြင့်မားလာနိုင်ခြင်း။
-ချစ်သူမရှိ သဖြင့် မိမိ၏ Valentine Day နေ့ သည် အချိန်မရွေး ရောက်ရှိလာနိုင်ခြင်း(ဖောဖေါ်ဝါရီ14 ကို စောင့်ရန်
မလိုခြင်း).....
ရတနာထွန်း
အတွဲ ၂၆၊ အမှတ် ၅၀၇ (၂၅၊၂ - ၃၊၃ ၊ ၂၀၁၁)
"ကျွန်တော့ကို လစာတိုးပေးသင့်နေပြီဘော့စ်၊ကျွန်တော့ကို နောက်ထပ် ကုမ္ပဏီသုံးခုကတောင် လိုက်ချဉ်းကပ်နေပြီ"လို့ဝန်ထမ်းတစ်ယောက်က သူ့ရဲ့ အလုပ်ရှင်ကိုသူ့ကိုလစာတိုးပေးဖို့ လာပြောပါတယ်။
သူ့အလုပ်သမားကို တခြားကုမ္ပဏီကနေ ပိုက်ဆံပိုပေးပြီး ခေါ်ဖို့ပြင်နေ တယ်လို့ ထင်သွားတဲ့ အလုပ်ရှင်က "ဒီလိုဆိုတော့ မင်းနောက်ကို ဘယ် ကုမ္ပဏီတွေကများ လိုက်ချဉ်းကပ်နေတာလဲ"လို့မေးတော့ သူပြန် ဖြေ တာက
"လျှပ်စစ်မီး၊ တယ်လီဖုန်း ပြောခတွေ ဆောင်ပေးတဲ့ ကုမ္ပဏီနဲ့ ဂက်စ်
ကုမ္ပဏီတွေပါ။ သူတို့ကို ကျွန်တော်ပိုက်ဆံ မရှင်းရသေးဘူး"တဲ့။

့ အန်စာတုံး


ကက်စီနို လောင်းကစားဝိုင်း ခုံတခုမှာ ဒိုင်လုပ်သူနှစ်ယောက်ဟာ ထိုးသားမရှိလို့
ပျင်ပျင်းရိရိဖြစ်နေကြတယ်။

ရုတ်တရက် တောင့်တောင့် ဖြောင့်ဖြောင့်နဲ့ ရုပ်ချောချော မိန်းမငယ်လေး တစ်ယောက်
ရောက်လာပြီး ခုံပေါ်ကို ဒေါ်လာ နှစ်သောင်း ပြစ်တင်လိုက်တယ်။

“အကုန်လောင်းတယ်၊ အန်စာ တစ်ချက်ပဲ ခေါက်မယ်။ ဒါပေမယ့် တခုတော့ ရှိတယ်နော်၊
ကျွန်မက အင်္ကျီမပါပဲ အန်စာခေါက်ရင် ကံကောင်းတတ်လို့ ရှင်တို့ စိတ်မရှိဘူးဆိုရင်
အင်္ကျီတွေ အားလုံးချွတ်ပြစ်ချင်တယ် “ ပြောပြောဆိုဆို အ၀တ်တွေ ချွတ်ချလိုက်တယ်။

ပြီးတော့ “အ၀တ်အသစ်တွေ ၀တ်နိုင်ပါစေ.. “ လိုအော်ပြီး အန်စာခေါက်လိုက်တယ်။

“ ဟေး.... နိုင်ပြီဟေ့ နိုင်ပြီ ” အားရပါးရ ခုန်လိုက်ပြီး ဒိုင်လုပ်သူ
နှစ်ယောက်ကို ထဖက်တယ်။

ချက်ချင်းပဲ သူအ၀တ်နဲ့ အနိုင်ရတဲ့ ပိုက်ဆံတွေ ယူပြီး အမြန်ထွက်သွားတော့တယ်။

အဲ့ဒီတော့မှ ဒိုင်တစ်ယောက်က ရုတ်တရက် အသက်ပြန်ဝင်လာသလို သူဘေးက
အဖော်ကိုလှမ်းမေးတယ်။

“ သူ့ အန်စာက ဘာကျသွားတာလဲ”

ကျန်တစ်ယောက်က

“ ဟေ.... မသိဘူးလေ ငါက မင်းကြည့်လိုက်တယ်ထင်လို့”

ဟာသလေးပါ

ပန်းခြံတခုအတွင်းမှ ခုံတန်းတခုတွင် သမီးရည်းစားစုံတွဲ တစ်တွဲထိုင်နေသည်။
ခုံတန်း၏ တစ်ဖက်စွန်းတွင်လည်း အဖိုးအိုတစ်ဦး စာအုပ်ဖတ်နေလေသည်။
သမီးရည်းစားစုံတွဲ တွတ်တီးတွတ်တာ ပြောသမျှကို အဘိုးကြီးအတိုင်းသား ကြားနေရ၏။
မိန်းကလေးက"မောင်၊ ခေါင်းနည်းနည်းမူးလာတယ်"
ကောင်လေးက နဖူးလေးကိုနမ်းလိုက်၏။
ထို့နောက်"မူးသေးလားဟင်"
"ဟင့်အင်း၊ ပျောက်သွားပြီ"
အတန်ကြာသောအခါ......
မိန်းကလေးက "မောင်၊ ဇက်ကြောတွေတက်လာသလိုပဲ"
ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွနမ်းလိုက်၏
"ဘယ်လိုနေသေးလဲ"
"အင်း..သက်သာသွားပြီ"
ခဏကြာသော်... "မောင်၊ လက်တွေကလည်း ဘယ်လိုဖြစ်တယ် မသိဘူး၊ တဆစ်ဆစ်နဲ့"
ကောင်လေးက ဘယ်ညာလက်အစုံကို တယုတယ နမ်းပေးလိုက်၏။
တဖက်တွင်ထိုင်နေသော အဘိုးကြီး အတော်ကို နားကြားပြင်းကတ်လာ၏။
ထို့ကြောင့်လှမ်းပြောလိုက်၏။
ဟေ့..ဒီမှာမောင်ရင်၊ ဖြစ်နိုင်ရင် ဦးကိုလည်း ကူညီစမ်းပါဦးကွ
'ဦးမှာ လိပ်ခေါင်းဖြစ်နေလို့' တဲ့

" ဟာ နဲ့ ဟင် "

မျိုးဆက်သစ် အရှင်ရေးတဲ့ ပို့စ်လေးတစ်ပုဒ်ပါ ။ ဖတ်ပြီးလို့ အတွေးစလေးတစ်ခု ကျန်ခဲ့လို့ ပြန်လည်ဝေမျှလိုက်ပါတယ်ခင်ဗျာ ။
သူငယ်ချင်းတို့လည်း ဖတ်ကြည့်ကြပါဦး ..။
......................................................................................................
ရန်ကုန်မှ မန္တလေးသို့သွားတဲ့ရထားပေါ်မှာပေါ့.....
ဘူတာကိုရထားဆိုက်တော့မယ်ဆိုရင်အရင်ဆုံးရထားပေါ်အပြေးအလွှားတက်လာတာက ဈေးသည်တွေလေ။ စုံလို့ပါဘဲ။
ထမင်းရောင်းတာတွေလဲပါတယ် ။ မုန့်ရောင်းတာတွေလဲပါတယ် ။ ဆေးရောင်းတာလဲပါသလို
လက်ဆောင်ပစ္စည်း ရောင်းတာလဲပါတယ်ဆိုတော့ အစုံအစုံပါဘဲ။
ရထားပေါ်မှာပါလာတဲ့ခရီးသည်တစ်ဦးရဲ့လက်ထဲမှာ ဒဏ်ရာ ဗလပွ အနာတရများစွာ
ညစ်နွမ်းတဲ့ကာလာတွေ ဖြာထွက်နေတဲ့နှစ်ရာတန် အစုတ်လေးတစ်ရွက်။
သူက လာလာသမျှ ဈေးသည်တွေကို အဲဒီပိုက်ဆံလေးနဲ့ ၀ယ်တယ်။
ဒါပေမဲ့ ဈေးသည်တော်တော်များများက ``ဒီပိုက်ဆံလေး ပြန်လဲပေးပါဦး ´´ ဆိုပြီးလဲခိုင်းတယ်။ဒီလိုနဲ့ ပိုက်ဆံလေး နေမြဲတိုင်း
သူဆီမှာဘဲ ကျန်နေခဲ့တာပေါ့။
ဒီတော့သူစဉ်းစားတယ်........ ။
``အင်း ဒီအတိုင်းဝယ်နေလို့ကတော့ အဆင်ပြေမှာမဟုတ်ဘူး... ငါ နောက်ဘူတာကိုရောက်ရင် ရထားထွက်ခါနီးမှဘဲ ၀ယ်မယ်...
ဒီလိုဆိုသူတို့ ပြန်လဲခိုင်းလို့ရမှာမဟုတ်တော့ဘူး...´´သူ့အကြံနဲ့သူတော့ ဟုတ်လို့ပေါ့လေ။
နောက်လာမဲ့ဘူတာမှာလဲ ဈေးသည်တစ်ယောက်။ သူကတော့ ရောင်းလို့မကုန် တဲ့ ထမင်းသိုးတွေကို ရထားထွက်ခါနီးမှ
အပြေးအလွှားလိုက်ရောင်းတာ။
ဘူတာကိုလဲရောက် - - - - ရထားပြန်ထွက်ခါနီး ဥသြလဲ စွဲရော။ ရထားဘီးတွေကလဲ တစ်လိမ့်ချင်းလိမ့်စပြုလို့ ။ ဒီတော့မှ - -
``ထမင်းတွေ ရမယ် ၊ ထမင်းတွေရမယ်၊ ပူပူနွေးနွေးလေးနော် ၊ တစ်ထုပ်မှ နှစ်ရာဘဲ ၊ ယူကြဦးမလား´´နှစ်ရာတန်ခရီးသည်ကလဲ
သူ့အကြံနဲ့သူ ။
``လာဦးဗျို့ ၊ တစ်ထုပ်လောက်ပေးပါ ။ ´´
``ဟုတ်ကဲ့ ၊ ရော့ ရော့ ၊ ပိုက်ဆံချပေးလိုက်လေ´´
``အေး အေး´´
ခရီးသည်ကလဲ ပိုက်ဆံအစုပ်လေးထွက်သွားပြီး ၊ထမင်းထုပ်လေးရလာတော့ သူ့ကိုသူ ဟုတ်လှပြီပေါ့။.....
ဈေးသည်ကလဲ ထမင်းသိုးတစ်ထုပ်က ပိုက်ဆံနှစ်ရာ ရှာပေးတယ်ဆိုတော့ ၀မ်းသာလို့လေ။
ရထားပေါ်က ပစ်ချလိုက်လို့လေထဲဝဲနေတဲ့ ပိုက်ဆံလေးကိုအမိအရဖမ်း ၊ ပြီးတော့မှ ``ဟင်´´။
ခရီးသည် ကလဲ ဈေးသည်ကိုလှမ်းကြည့် ၊ သနားပါတယ်ဆိုတဲ့ သဘောပေါ့ ။
ပြီးတော့မှ ထမင်းစားမယ်ဆိုပြီး အိတ်ဖွင့်လိုက်တော့မှ ``ဟာ´´။
သူငယ်ချင်းတို့ရေ အဲဒီ ( ဟာ နဲ့ ဟင် ) ကိုအနှစ်ချုပ်ရင် - - -
အစုတ်ပေးရင် အပုတ်ရတယ် ။
အပုတ်ပေးရင် အစုတ်ရတယ် ပေါ့နော်။
စိတ်ထားလေးတွေ မကောင်းသရွေ့ အကျိုးပေးလဲ ညံ့တတ်တယ်ဆိုတာ သတိရစေချင်လို့ပါ။
..................လူအချင်းချင်း ၊ လှည့်ပတ်ခြင်း ၊ ကင်းရှင်းကြပါစေ........................